Kaung Kim Pyar’s Personal (Nostalgia….)

Posts Tagged ‘Memorize

အမှတ်တရ…။ (၁၀)

Posted by: kaungkimpyar on: March 20, 2009

အဟိ…။ ရယ်ချင်စရာလား ရင်ခုန်စရာလား ဖြစ်ရပ်တစ်ခု…။ ဘယ်လိုကနေ ဘယ်လို စဖြစ်လာလဲတော့ကာ……………..။

ငါ့အချိန်တွေ.. ဘာလို့များ ဒီလောက် တန်ဖိုးမဲ့လာရတာလဲ..။ ငါအချိန်တွေ…ဘာလို့များ သူနဲ့ ပတ်သက်လာရင် ဒီလောက် တန်ဖိုး မရှိရတာလဲ။ ငါ့အချိန်တွေကို ငါ တန်ဖိုး မထားကတော့ ဟုတ်ပါပြီ..။ ဒါပေမယ့် ငါ့အချိန်တွေကို သူနဲ့ ပတ်သက်လာရင် တန်ဖိုးထားခဲ့တာပဲ..။ သူအတွက်နဲ့ ငါ့အချိန်တွေ ဖြုန်းပေးခဲ့တာပဲ.။ သူကကော.. ငါ့အချိန်တွေကို ဘာလို့များ တန်ဖိုးမထားခဲ့တာလဲ..။ သူကလည်းပဲ သူ့အချိန်တွေကို တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်ပဲလား..။ ငါ သူ့ကို ချစ်လွန်းလို့..သူ့ကို တန်ဖိုးထားလွန်းလို့ ငါရဲ့ အချိန်တွေနဲ့ ပေးဆပ်ခဲ့တယ်.။ ရန်ဖြစ်တာ..ဘာမဟုတ်တာလေးနဲ့ပဲ စိတ်ဆိုးတာ…စကားများတာနဲ့ပဲ ငါတို့ အချိန်တွေ ကုန်ခဲ့ရတယ်.။ ငါ တဖက်သတ် မပြောပါဘူး…။ နင် ပြန်စဉ်းစားကြည့်ပါ…။ ငါ့အတွက်ကော နင့်အချိန်တွေ ကုန်ခဲ့ရလို့လား…။ ငါ့ကို တကူးတက အချိန်ပေးခဲ့ရတာမျိုးကော ရှိသေးလား..။ [...]

အမှတ်တရ။ (၈)

Posted by: kaungkimpyar on: January 21, 2009

ညနေ 7နာရီလောက်က မမီးဆိုင်ကို ဖုန်းဆက်တယ်။ ကိုအောင် ဖုန်းလာကိုင်တယ်။ မမီးမရှိဘူးလားလို့ တော့ မမေးတော့ဘူး။ handphone ကိုဆက်ကြည့်တော့လည်း မကိုင်ဘူး။ အပြင်သွားတာပဲ နေမှာပဲဆိုပြီး ထပ်မဆက်တော့ဘူး။ ခဏကြာတော့ မမီး ဖုန်းပြန်ဆက်တယ်။ သူ့အပေါင်းအဖော်တွေ နောက် Mr.Crown နဲ့ ညစာသွားစားမလို့တဲ့။ ညကျရင် ဖုန်းပြန်ဆက်လိုက်မယ်တဲ့။ အိပ်ချင်နေတာနဲ့ စောစောအိပ်လိုက်တယ်။ ကိုးနာရီဝန်းကျင်လောက်ကျတော့ ဖုန်းပြန်ဆက်တယ်နဲ့တူပါတယ်။ ငါအိပ်နေတာကို လမင်းက နှိုးပြီး လာပြောတယ်။ နင့်သူငယ်ချင်း ဖုန်းလာတယ်တဲ့။ ငါ အိပ်နေတယ်လို့ ပြောလိုက်တယ်တဲ့။ အင်းလေ.. မမီးပဲ နေမှာပဲလို့ တွေးလိုက်တယ်။ အိပ်ရာက နိုးတော့ အပြင်က မမီးဆီကို ဖုန်းဆက်ဖို့ အပြင်ထွက်သွားတယ်။ မုန့်ဆိုင်တစ်ဆိုင်မှာ ဖုန်းခေါ်လိုက်တာပေါ့။

အဆင်မပြေဘူး။

Posted by: kaungkimpyar on: January 20, 2009

မနက်တည်းကကို အဆင်မပြေတာ။ တနေ့လုံး လိုလိုပဲ။ မမီးကို မုန့်ဟင်းခါးဝယ်ကျွေးမယ်လို့ ကတိပေးထားတာ.. မနေ့က။ ဒီနေ့ ကိုးနာရီခွဲလောက်မှ နိုးတယ်။ ညက နှစ်နာရီလောက်မှ အိမ်ထဲဝင်ခွင့်ရလို့။ လမင်းက အစောကြိး အိပ်ပျော်နေတယ်။ ငါလည်း အိပ်တာနောက်ကျတယ်။

အမှတ်တရ။ (၆)

Posted by: kaungkimpyar on: January 14, 2009

အင်း.ရန်ဖြစ်ကြပြန်ပြီလေ.။ ဘာရယ်မဟုတ်ဘူး.. ဘယ်လို စဖြစ်လဲတောင်မသိဘူး…။ ပြန်စဉ်းစားကြည့်မယ်..။ ငါပဲ လွန်တာလား… ကြောင်တာလားတော့မသိဘူး..။ မနက်ကလည်း ဘုရားသွားတယ်…။ စာချုပ်ကျန်ခဲ့လို့ နောက်ပြီး သူက ဗိုက်နာနေလို့ ဘုရားကို စကတ်တိုဝတ်လာလို့ဘုရားပေါ်ကလူကြီးတွေပေးတဲ့ ယောဂီထမိန်ကြီး ၀တ်ရလို့… ဒါတွေကြောင့်ပဲ အရင်အခါတွေလို ဘုရားပေါ်မှာ အကြာကြီးမထိုင်ဖြစ်ခဲ့ဘူး..။ ဘုရားတစ်ပတ်ပတ်ပြီး ဘုရားရှိခိုးတယ်.. ဘုရားပေါ်က ဇရပ်မှာ ငါးမိနစ်လောက် ထိုင်ဖြစ်တယ်။ နောက်ပြီး ပြန်ဆင်းကြတယ်။ (သူစားဖို့ ပေါင်မုန့်တွေ၊ လက်ဖက်ရည်တွေလည်း သူဗိုက်နာနေလို့ မကျွေးဖြစ်ခဲ့ဘူး) ငါက အကျီလက်ရှည်အဖြူရောင်ကို လက်က ကြယ်သီးမတပ်ဘဲ ၀တ်ထားတာမို့ ဖရိုဖရဲဖြစ်နေတယ်။ ဒါကို သူက ရှက်နေတယ်ထင်ပါရဲ့။ ဒါနဲ့ပဲ ဆိုင်ရောက်လာတယ်။

အမှတ်တရ။ (၅)

Posted by: kaungkimpyar on: January 3, 2009

Technorati Tags: ငပလီ,mee mee,memorize,ခြေသည်းနီ,နှုတ်ခမ်းမွှေး ဒီနေ့ ကိုယ့်ရုပ်ကိုယ် မှန်ထဲမှာ ပြန်ကြည့်တော့ … ဆံပင်က သိပ်မရှည်သေးဘူး…။ နှုတ်ခမ်းမွှေးတွေကလည်း ရိတ်ရတာအမော…ရိတ်တာကမှ သိပ်မကြာသေးဘူး..ပြန်ပေါက်လာကြပြန်ပြီ..။ ရိတ်လေ…ပေါက်လေ ဆိုတဲ့ သဘောကိုတော့ လက်မခံချင်ဘူး…။ စာတွေဖတ်တာ များလို့လားတော့မသိ…။ ဘယ်လိုမှ မယုံခဲ့ဘူး….။ ဒါပေမယ့် ခုတော့ လက်ခံရတော့မလိုဖြစ်နေတယ်.. ဟုတ်တယ်လေ..  နှုတ်ခမ်းမွှေးက သန်လိုက်တာဗျာ…။

Tags: ,

အမှတ်တရ။ (၄)

Posted by: kaungkimpyar on: December 28, 2008

သမီး မီးလေး …။ ဒီအချိန်လောက်ဆို သမီး မေ … ဒေါ်အိသူတို့ အိမ်ကိုရောက်နေလောက်ရောပေါ့..။ ဒါမှ မဟုတ် ဆိုင်မှာ ကွန်ပျူတာတွေ ပြင်နေလို့ ထိုင်စောင့်နေရောပေါ့..။ ဖေ ကြိုတွေးမိသလို… သမီး မေ က သူများအိမ်မှာ မအိပ်တတ်လို့ အိပ်ရာထဲမှာ ငုတ်တုတ်ကြီး ထိုင် နေလားမသိဘူးနော်… သမီး…။

Tags: ,

အမှတ်တရ။ (၃)

Posted by: kaungkimpyar on: October 18, 2008

နာကြည်းစရာကောင်းတဲ့ စကားတစ်ခွန်းပါ..။ ကျွန်တော် တစ်သက်နဲ့ တစ်ကိုယ် ခု ၁၇ နှစ် ရှိပါပြီ..တစ်ခါမှ ဒီစကားလုံးသုံးပြီး အပြောမခံရသေးဘူး…။ ဒီတစ်ကြိမ်ဟာ… ပထမဦးဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲ ဖြစ်မှာပါ..။ “ပိုက်ဆံနဲ့ ပတ်သက်ပြီး မနောက်နဲ့၊ ငါမကြိုက်ဘူး” တဲ့…။ ဟုတ်ကဲ့..။ ကျွန်တော်က သူခိုးကြီးဆိုတော့… လူလိမ်ကြီးဆိုတော့ ဒီလို အပြောခံရတာနေမှာပါဗျာ..။

အမှတ်တရ။ (၂)

Posted by: kaungkimpyar on: October 12, 2008

ဒီလို မချိုမချဉ်လေးပါပဲ… နည်းနည်းတူပါတယ်..။ ညဘက်….။ 11.10.2008 ရဲ့ညဘက်..။ White Star Internet Cafe ရဲ့ အပြန်..။ 11နာရီ ၀န်းကျင်လောက်မှာပေါ့..။ ကျွန်တော်နဲ့ မမီးနဲ့ Taxi ငှားပြန်ပါတယ်…။ ငှားလိုက်တဲ့ Taxi ကလည်း တစ်ထောင်ကျပ်ပဲ ပေးရလို့ တက်စီးဖြစ်ကြပါတယ်..။

အမှတ်တရ။

Posted by: kaungkimpyar on: October 12, 2008

အမှတ်တရလေးစာလေးတစ်စောင်ပါ..။ 11.10.2008  White Star Internet Cafe မှာ ညဘက် 8နာရီဝန်းကျင်မှာ ကျွန်တော့်ရဲ့ ဖြစ်ရပ်လေးကို မှတ်တမ်းတင်ထားတဲ့ စာလေးပါ..။ထုံးစံအတိုင်း ကျွန်တော်နဲ့ မမီးနဲ့ ရန်ဖြစ်ကြပါတယ်..။ အဲ့လို ရန်ဖြစ်တဲ့အခါတိုင်း ကျွန်တော်က “ဟုတ်တယ်.. ကျွန်တော်က ဆင်းရဲတယ်.. ပိုက်ဆံမရှိဘူး..” စတဲ့ ကိုယ့်ကိုယ်ကို နှိမ်ချတဲ့ စကားလုံးတွေသုံးပြီး အမြဲ အနိုင်ယူနေကျပါ.။ ကြာလာတော့ သူလည်း ကျွန်တော့် အကြောကို နပ်လာပါတယ်..။ ဒါကြောင့် ကျွန်တော်ပြောတတ်လေ့ရှိတဲ့ စကားလုံးတွေကို စုပြီးရေးထားတာပါ..။ ပြုံးချင်စရာလေးမို့ အမှတ်တရအနေနဲ့ တင်ထားလိုက်တာပါ..။

Tags: ,

Download Zawgyi font if you can’t read!

Photobucket

My Posts are Under Creative Common License:

Creative Commons License
Posts from Kaung Kim Pyar's Personal by Zay Yar Nay Min is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Singapore License. It's strongly prohibited for copying,editing or abusing text, tech, photos or everything from my blog posts, without getting my permission.

Best file hosting!

4shared.com - Free file sharing and storage

Samurai Sam from Miniclip! My Mostly playing game!

Blog Stat!

Feed Reader of My Blog!

Follow

Get every new post delivered to your Inbox.