Posted by: kaungkimpyar on: January 28, 2009
သူသည် ရင့်ကျက်သယောင်ယောင်ရှိသည်…။ သူသည် လူကြီးဆန်စွာဖြင့် ဆရာကြီးလုပ်တတ်သည်…။ သူနှင့် မည်သို့မျှ ပတ်သက်ခြင်းမရှိသော်လည်း သူက လာရောက်ပတ်သက်လေ့ရှိသည်…။ သူသည် မည်သူ့ကိုမျှ အကောင်းမြင်လေ့မရှိ…။ သို့ကြောင့် သူနှင့် ပတ်သက်သော အပေါင်းအသင်း များများစားစားမရှိ…။ သူသည် ဘာမဟုတ်သော အကြောင်းအရာများအတွက် လိမ်တတ်သည်…။ သို့တည်းမဟုတ်… အားလျှင် ကိုယ့်ပေါင်ကိုယ်လှန်လိမ်နေတတ်သော သူဖြစ်သည်…။
Recent Comments