Posted by: kaungkimpyar on: May 11, 2009
တချို့က ပြောကြတယ်။
အချစ်ဆိုတာ ပြေးလေ..လိုက်လေတဲ့.။
ဟုတ်မယ်။
ငါ့အတွက်တော့ ဟုတ်နေတယ်။
ငါက ငါချစ်တဲ့ သူ့အနားကို လာတယ်.။
သူက သူချစ်တဲ့ လူအနားကို သွားတယ်.။
ငါတို့နှစ်ယောက် အချိန်အတိုင်းအတာ တစ်ခုမှာ တွေ့ကြတယ်.။
ချစ်ကြတယ်.။
ယုယကြတယ်.။
ကြင်နာကြတယ်.။
အနမ်းဖွပေးကြတယ်.။
ဒီလိုနဲ့ အချစ်တွေ တိုးလာကြမယ်။
သူကလည်း ဒီလိုပဲ နေမှာပါ။
သူတို့နှစ်ယောက် အချိန်အတိုင်းအတာ တစ်ခုမှာ တွေ့ကြမယ်။
ချစ်ကြမယ်။
ဖက်ကြမယ်။
ဒီလိုနဲ့ ချစ်သထက် ချစ်ကြမယ်။
ဒါပေမယ့် စီးပွားရေး လုပ်ငန်းတစ်ခုလို တွေးကြည့်ရင်တော့..
………
ငါရှုံးတယ်.။ သူ့ကို ချစ်တဲ့ ငါ ရှုံးတယ်။
သူ့ရဲ့ ကြင်နာမှုဟာ ငါတစ်ယောက်တည်းအတွက် မဟုတ်တဲ့အတွက် ငါရှုံးတယ်။
သူ့ဘေးနားမှာ ငါ ရှိနေပေမယ့် သူ့စိတ်က ငါ့မှာ မရှိနေတဲ့အတွက် ငါရှုံးတယ်။
သူ့ကို ဘယ်လိုမှ မခွဲနိုင်၊ မခွာနိုင်ဖြစ်နေတဲ့အတွက်.. ငါ ရှုံးတယ်။
သူ ငါ့အနားက ထွက်သွားတဲ့အခါ ငါမနေတတ်တဲ့အတွက် ငါ ရှုံးတယ်။
………
သူ မြတ်တယ်..။ သူချစ်တဲ့ လူကို သူချစ်ရတယ်.။
သူ့ကို ချစ်တဲ့သူရဲ့ ယုယ ကြင်နာမှုကို သူရတယ်.။
သူ့က ချစ်တဲ့သူရဲ့ ယုယ ကြင်နာမှုကို သူရမယ်.။
သူသတိရချင်နေတဲ့၊ သူအရမ်းချစ်နေတဲ့ လူကို သတိရခွင့် ရှိတဲ့အတွက် သူမြတ်တယ်။
သူ့မှာ ငါနဲ့ ပတ်သက်ပြီး လွယ်လွယ်ကူကူ မေ့နိုင်၊ ပြတ်နိုင်တဲ့အတွက် သူ မြတ်တယ်။
သူ့နားမှာ ငါ မရှိတော့တဲ့အခါ သူ နေတတ်တဲ့အတွက် သူမြတ်တယ်။
သူ့မှာ အချစ်တွေ စုပုံနေတဲ့အတွက် သူမြတ်တယ်။
အဲ့တော့ “ဘာလာလာ” သီချင်းခွေထဲက မောင်မောင်ဇော်လတ် ဆိုသလိုမျိုး…။
“ငါ ဘာတွေ လုပ်ရမလဲ”။
“ငါ ဘာတွေ လုပ်ရမလဲ”……………………..။
အဲ့ဒီတော့လည်း…
သခင့် ဖိနပ်ကို ကိုက်ရင်း သခင် အပြန်ကို စောင့်နေတဲ့ ခွေး တစ်ကောင်လိုပေါ့..။

ငါ့အချစ်တွေ. ငါ့အလွမ်းတွေ. ငါ့စေတနာတွေ.ကို ကိုက်ရင်း.. သူ့ ပုံရိပ်တွေ.. သူနဲ့ပတ်သက်တဲ့ အဖြစ်တွေ
တွေးရင်း ငေးရင်း..
သူ့အပြန်ကို စောင့်နေရုံပေါ့..။
ဒီထက် ငါ… ဘာများ တတ်နိုင်မှာမို့လို့လဲနော့.။
ဒါကြောင့်မို့လည်း လူတွေက ပြောကြပါတယ်ထင်ပါရဲ့။
အချစ်ဟာ ပြေးလေ လိုက်လေ… တဲ့။
Recent Comments