Kaung Kim Pyar’s Personal (Nostalgia….)

ရောက်တတ်ရာရာ။

Posted by: kaungkimpyar on: March 17, 2009

စာကလေး အမွှေးနှုတ် ဆံပင် နဲ့ သူ့လူက ပြောတယ်။
R ဇာနည်ဆံပင်က ဆိုက်ကားသမား ဆံပင်တဲ့။
သူကလည်း ငါ့ကို အဲ့စကားနဲ့အတူ
“နင် ဆံပင် အရှည်ထားရင် ငါနဲ့ ပြတ်ပြီ” ဆိုပြီး လာချဲတယ်။
ဒါနဲ့ ငါ ကတုံးဆံတောက် ဆံပင် ဖြစ်ခဲ့ရပေါ့…။
သူက နင့်ကို လွှမ်းမိုးတယ်။
နင် သူ့ကို မလွှမ်းမိုးနိုင်ပါဘူး။
နင်က ငါ့ကို လွှမ်းမိုးတယ်။
ငါ နင့်ကို မလွှမ်းမိုးနိုင်ပါဘူး။
ငါ လွှမ်းမိုးနိုင်တာ ဘာမှ မရှိဘူး။
တစ်ခါ တစ်ခါ ငါ့စိတ်တွေတောင် လွှင့်ထွက်သွားသေး……။
တလုတ်စားဖူး သူ့ကျေးဇူး  ဆိုတာကို နင် လက်ခံလား။
နင်က ရှေးလူကြီး စကားတွေဆို သွေဖီတတ်လွန်းလို့။
ခေါင်းငြိမ့်တယ်လား။
ဒါဆို ဘာလို့ ငါ့ကို နင့်လူပေးလိုက်တဲ့ အစာတွေ
စွန့်ကြဲနေရတာလဲ။
ငါ မငတ်ဘူး။
ငတ်ရင်လည်း ငတ်မှန်းတောင် မသိဘူး။
ငါ ငတ်တာက နင့် အချစ်။
ငါသိပါတယ်။
နင်ပြောပါတယ်။
သူလည်းလက်ခံပါတယ်။
နင်သူ့ကို အချစ်ဆုံးဆိုတာ။
သုံးပွင့်ဆိုင်အောင် ငါပဲကိုင်ခဲ့တဲ့ ကစားပွဲလား.
နင်ပဲ လက်ခံခဲ့တာလား.
သူပဲ ကံနိမ့်တာလား.
တစ်ခါတစ်ခါ ပြောဖူးတယ်လား.
ငါက ကုန်ထမ်းသမား.။
အနံ့တော့ သိပ်မကွာပါဘူး။
ဝင်ငွေသာ ကွာကြတာ.။
နင်လိုချင်တာက သိန်းနှစ်ဆယ်.
သူရှာပေးနိုင်တာ ဆယ်သိန်း.
ငါက နင့်ဆီ လက်ဖြန့်မယ် ထင်နေလား..။
မမှီပါနဲ့. ငါပခုံးပေါ် ဘယ်တော့မှ မမှီပါနဲ့
စကားနာတော့ထိုး. ” ငါက မချီချင်ဘူး မှီပဲမှီချင်တာ ” ဆိုပြီးတော့လေ..။
ငါလျှောပေးထားတဲ့ ပခုံးပေါ်ကို နင်မမှီချင်ဘူး.
ငါ ငှားပေးထားတဲ့ ကားပေါ် မတက်ချင်ဘူး.
ငါ့ဆို ………။
ဘာပဲဖြစ်ဖြစ်လေ.
ငါ့ကို အရှည်ဆုံးကြိုးနဲ့သာ လှန်ထားပါ။
ငါ့ကို နာကျည်းအောင် မလုပ်ပါနဲ့။
ငါ နင့်ကို ချစ်ချင်သေးလို့ပါ။
ဘာပဲဖြစ်ဖြစ်လေ.
ငါ့ကို မျှော်လင့်ချက်တွေ တပုံတပင်ပေးထားပါ။
ငါ့ကို စိတ်ကုန်အောင်မလုပ်ပါနဲ့။
ငါ မလွမ်းချင်သေးလို့ပါ။
ZYNM

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Download Zawgyi font if you can’t read!

Photobucket

My Posts are Under Creative Common License:

Creative Commons License
Posts from Kaung Kim Pyar's Personal by Zay Yar Nay Min is licensed under a Creative Commons Attribution-Noncommercial-No Derivative Works 3.0 Singapore License. It's strongly prohibited for copying,editing or abusing text, tech, photos or everything from my blog posts, without getting my permission.

Best file hosting!

4shared.com - Free file sharing and storage

Samurai Sam from Miniclip! My Mostly playing game!

Blog Stat!

Feed Reader of My Blog!

Follow

Get every new post delivered to your Inbox.