Posted by: kaungkimpyar on: January 14, 2009
အင်း.ရန်ဖြစ်ကြပြန်ပြီလေ.။ ဘာရယ်မဟုတ်ဘူး.. ဘယ်လို စဖြစ်လဲတောင်မသိဘူး…။
ပြန်စဉ်းစားကြည့်မယ်..။
ငါပဲ လွန်တာလား… ကြောင်တာလားတော့မသိဘူး..။
မနက်ကလည်း ဘုရားသွားတယ်…။ စာချုပ်ကျန်ခဲ့လို့ နောက်ပြီး သူက ဗိုက်နာနေလို့ ဘုရားကို စကတ်တိုဝတ်လာလို့ဘုရားပေါ်ကလူကြီးတွေပေးတဲ့ ယောဂီထမိန်ကြီး ၀တ်ရလို့… ဒါတွေကြောင့်ပဲ အရင်အခါတွေလို ဘုရားပေါ်မှာ အကြာကြီးမထိုင်ဖြစ်ခဲ့ဘူး..။ ဘုရားတစ်ပတ်ပတ်ပြီး ဘုရားရှိခိုးတယ်.. ဘုရားပေါ်က ဇရပ်မှာ ငါးမိနစ်လောက် ထိုင်ဖြစ်တယ်။ နောက်ပြီး ပြန်ဆင်းကြတယ်။ (သူစားဖို့ ပေါင်မုန့်တွေ၊ လက်ဖက်ရည်တွေလည်း သူဗိုက်နာနေလို့ မကျွေးဖြစ်ခဲ့ဘူး)
ငါက အကျီလက်ရှည်အဖြူရောင်ကို လက်က ကြယ်သီးမတပ်ဘဲ ၀တ်ထားတာမို့ ဖရိုဖရဲဖြစ်နေတယ်။ ဒါကို သူက ရှက်နေတယ်ထင်ပါရဲ့။
ဒါနဲ့ပဲ ဆိုင်ရောက်လာတယ်။
ဆိုင်မှာ ငါ ၀ယ်ထားတဲ့ လက်ဖက်ရည်နဲ့ မုန့်တွေချကျွေးတယ်။
တစ်မနက်လုံး သူက ဗိုက်အောင့်လိုက်၊ လက်အောင့်လိုက်နဲ့ ဒါတွေအပြင် ကိုသက် ယောက္ခမကြီးက သူ့ကို အပူတွေလှမ်းပေးတာကို ကျေကျေနပ်နပ်ခံယူနေတာကိုကြည့်ပြီး စိတ်တိုမိတယ်။
ငါ့လက်ရှည်အကျီကို ခေါက်ပေးတယ်.။
အဲ့နောက် ပြဿနာက စတာပဲ။
ဆိုင်မှာ အလုပ်လုပ်တဲ့ကောင်ရဲ့ ထမင်းချိုင့်ကို ဖွင့်စားတယ်။ ငပိထောင်းပါလို့ ကြိုက်လို့ပါတဲ့။ ငါလည်း ကြိုက်ပါတယ်။ ဒါပေမယ့် သူက အစားနဲ့ပတ်သက်လာရင် စည်းမရှိသလိုပဲ။ တွေ့တာနဲ့စားလိုက်တာပဲ။
ငါပဲ အတွေးကြောင်တာလား စိတ်ပူလွန်းတာလားမသိ။ သူများတွေ ကျွေးတဲ့ အစားကို အရမ်းမစားစေချင်ဘူး။ ဘာလို့လဲဆိုတော့ သူက ချောတယ်လေ။ သူ့နားမှာ နေချင်တဲ့သူ၊ သူ့ကို ချစ်ချင်တဲ့သူတွေက အများကြီးပဲ။ မတော်လို့ အဲ့လူတွေက ဆေးနဲ့ တစ်ခုခုလုပ်လိုက်ရင် ဒုက္ခ ဆိုပြီး တွေးမိလို့ သူများကျွေးတဲ့ အစားတွေ မစားနဲ့လို့ ဟိုးအရင်တည်းက တားထားတယ်။
အင်း။ ဒါကို မမှုပဲ စားတယ်။ စားနေရင်းနဲ့ ငပိထောင်းထဲကပဲ ဆံပင်ခြည်တွေ တွေ့တယ်။ ( သဘောထားသေးသိမ်တယ် ခေတ်နောက်ကျတယ်လို့ ပြောပြော၊ အဲ့လို ဆံပင်ခြည်တွေ့ရင်တော့ မသိုးမသန့် ဖြစ်မိတယ်။) သူက ဆံပင်ခြည်တွေ့တာတောင် မထူးခြားသလိုပဲ ဖယ်ပြီး ဆက်စားတယ်။
ကျွန်တော် တော်တော် ပေါက်သွားတယ်။ ဒေါသလည်း ထွက်မိတယ်။ အမှန်တိုင်း ၀င်ခံရရင် ရင်ထဲမှာ တနှုတ်နှုတ်နဲ့ စိတ်တိုနေတယ်။ ငါပြောတဲ့ စကားကို နားမထောင်ဘူး။ အစားနဲ့ပတ်သက်လာရင် ဘာကြီးပဲ လုပ်လုပ် လက်ခံမယ့် သဘောမှာရှိတယ်လို့ တောင် တွေးမိတယ်။ အင်း.. ငါချစ်တဲ့သူ တစ်ယောက်ကို ငါဒီလို ပက်ပက်စက်စက်ပြောတယ်။ အချစ်ကြီးလို့ အမျက်ကြီးတယ်လို့ တော့ ငါခံယူတယ်။ ငါမှားလား။
ငါ…. သူ့ကို စိတ်ဆိုးမာန်ဆိုးနဲ့ ဆူလိုက်တယ်။ “အေး ငါက ရုရှားက ကောင် မဟုတ်တော့ ဂရုမစိုက်နဲ့။ ငါ့စကားက အဖိုးမှမတန်တာ။ ” ဆိုတဲ့ သူ့ စကားလုံးတွေအတိုင်း ငါပြန်ပြောကြည့်တယ်။ နာလိုက်တာ နာလိုက်တာ။ သူ ပါးစပ်အဟောင်းသားလေးနဲ့ ဖြစ်သွားသလိုလိုပဲ။ ငါလည်း ပြောပြလိုက်တယ်။ ဒီစကားတွေက ငါ့စကားလုံးတွေမဟုတ်ဘူး.. နင်ပြောခဲ့တဲ့ စကားတွေကို လိုက်တုပြီး ပြောကြည့်တာ။ နာတတ်လား ။
ငါ တော်တော် စိတ်တိုသွားတယ်။ ငါဟာ ဘာမှ မဟုတ် ချာတိတ်လေးပါပဲ ချာတိတ်လေးတစ်ယောက်ပဲ ဆိုပြီး သဘောထားတယ်ဆိုတာ ငါသိသွားတယ်။
ငါ စိတ်ဓာတ်ကျတယ်။ ဒါနဲ့အတူ စိတ်ဆင်းရဲတယ်။ စိတ်တိုတယ်။ စိတ်ညစ်တယ်။ စိတ်မချဘူး။ စိတ်နဲ့ပတ်သက်လို့ မကောင်းတာမှန်သမျှ ငါ့ဆီကို အဲ့အချိန်မှာ ပြုံဝင်လာကြလားတော့မသိ။
အဲ့နောက် ဒီ စာကို ရေးတယ်။ ဘာတဲ့ လေ့ကျင့်ခန်းရေးရဦးမယ် ဆိုပြီး စာအုပ်တစ်အုပ်ဆွဲယူပြီး ဒီစာကိုရေးတယ်။

ငါကလည်း ဘာမှ မပြောချင်ဘူး ဆိုတဲ့ သဘောနဲ့ “……………။” လို့ပဲ ပြန်ရေးခဲ့တယ်။ ဒါကို သူက ထင်ချင်သလို ထင်၊ ပိုင်းချင်သလို ပိုင်းနဲ့ ၊ ငါက သူ့ကို မခေါ်ဘူးလို့ သူက သတ်မှတ်ခဲ့တယ်။
သတိတရဖြစ်မိတာကတော့ သူ့ကို ငါစိတ်ဆိုးတိုင်း သူ့ဆီက ကလေးတွေလို လက်ညှိုးနဲ့ လက်ခလယ် ၀ိုင်းပြီး ခေါ်မလား မခေါ်ဘူးလား ဆိုတဲ့ သင်္ကေတလေး ပေါ်လာတယ်။ ငါ အမြဲအဆုံးအဖြတ်ပေးခဲ့တယ်။ ခေါ်မယ်ဆိုတဲ့ သဘောနဲ့ လက်ကလေးကို ညှစ်ခဲ့တယ်။
ငါ့အလှည့်ဆိုရင်တော့ ဘာမှ အဆုံးအဖြတ် မရခဲ့ဘူး။ လက်ကလေးက အားငယ်စွာနဲ့ ရုတ်သိမ်းခဲ့ရတယ်။
ထားပါ.။ ဒါတွေကို ငါ အမှတ်သည်းခြေများလို့ မှတ်ထားတယ်လို့သာ မကောင်းမြင်ပါ။
မေးသေးပါတယ်။။ နင်တကယ်တွေ ပြောနေတာလား။ တကယ်ကြီးလားတဲ့။
နောက်တော့ ဒေါ်အိသူတို့ ခေါ်ရာကို ပါတော်မူသွားပါရဲ့။ မသွားခင်တော့ ပြောသွားသေးတယ်။ တော်ပြီ ငါမသွားတော့ဘူး တဲ့။ ဟိ. ရယ်ချင်လိုက်တာ။
သူသွားပြီးလို့ ကားပေါ်ရောက်လောက်ချိန်မှာ ဟန်းဖုန်းကို ဆက်သေးတယ်။ ဒါပေမယ့် ဖုန်းက ဆိုင်က အံဆွဲထဲမှာ ကျန်ခဲ့တယ်။ သြော်… ဒါနဲ့များ မသွားချင်ဘူးတဲ့လေ။
အစကပြောတော့ ဒေါ်အိသူနဲ့ ဆံပင်သွားညှပ်မယ်တဲ့။ ခုဖုန်းခေါ်တယ်။ ဒေါ်အိသူတို့ အိမ်ကနေ။
အောင်အောင်ကို မေးတယ်။ မလာသေးဘူးလေ။
ဗိုက်ဆာပြီလားတဲ့။ မဆာဘူးလို့။
ငါ့အသံက ဆောင့်ကြီး အောင့်ကြီးနဲ့ ပြန်ဖြေနေတာမို့…. ဗိုက်ဆာလို့ စိတ်ဆိုးနေတာလားတဲ့။ ငါလည်း ထမင်းစားဖူးပါတယ်. ငါ ထမင်းဆာလို့ ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဘူး။ မတောင့်တခဲ့ဘူး။ ငါ သူ့အကြောင်းတွေနေရရင် ဗိုက်တွေပြည့်နေလို့။ ဒါကို သိပါစ။
ဆောင့်ကြီးအောင့်ကြီးနဲ့ ပြန်ဖြေရတာက သူ့ကို စိတ်ဆိုးလို့ပါ။ တကယ်ပါ။ ငါဒီလောက် စိတ်ဆိုးနေတာတောင် သူက ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ဖုန်းဆက်ပြီး စကားပြောနိုင်သေးတယ် တကယ်ဆို သူ့ကြောင့် ငါစိတ်ဆိုးရတာမဟုတ်လား။
ငါ့ကို အလေးမထားတဲ့သူ မချစ်တဲ့သူ တစ်ယောက်ကို ငါ ချစ်နေတယ် အလေးထားမိနေတယ် ဒါပေမယ့် ငါကျေနပ်တယ် ငါ့အတိတ်ဘ၀က အကြွေးတွေပဲလို့ ယူဆတယ်။
ငါ သူ့ကို ဆုံးရှုံးရမှာ ကြောက်တယ်။
ငါ ထမင်းစားဖူးတယ်။ ငါ ထမင်းဆာလို့ ဘယ်တုန်းကမှ စိတ်မဆိုးဖူးဘူး။
ငါ မချစ်ဖူးဘူး။ ငါ့ကို မချစ်တဲ့သူကို ငါချစ်မိတယ်။ ဒါကြောင့် ငါစိတ်ပင်ပန်းတယ်.စိတ်ဆိုးတယ်.။ တကယ်တမ်း စိတ်ပျက်ဖို့ကောင်းတယ်။ ဟင့်အင်း။ ငါ ဘယ်တော့မှ စိတ်မပျက်ဘူး။ ငါ အကြောက်ဆုံးက သေခြင်းတရားထက် သူ့ကို ဆုံးရှုံးရမှာကိုပဲ။
ငါ သူ့ကို ဆုံးရှုံးရမှာကို ကြောက်တာက သူ့ဆီက ဘာမှ လိုချင်လို့ မဟုတ်ဘူး။ သူ့ရဲ့ စိတ်ဓာတ်လေးနဲ့ပဲ ငါ တသက်လုံး အေးအေးချမ်းချမ်းနေသွားချင်တယ်။ ငါမှားလား။ ငါအကြောင်းပြချက်လုံလောက်လား။
မလုံလောက်ရင်လည်း ငါ့ကိုသာ ပါးရိုက်လိုက်ပါ။ ငါ့ကိုသာ ကန်ချလိုက်ပါ။ ငါ့ကျောကုန်းကိုသာ အဆက်မပြတ် ထုပါ။ ငါ့လက်မောင်းသားကို ပြတ်ထွက်အောင် ကိုက်ပါ။ ငါ့ကိုတော့မထားခဲ့ပါနဲ့။
ဒါတွေဟာ ငါ သူ့အတွက် ဖြည့်ဆည်းပေးနိုင်တာတွေပဲ။ သူလိုချင်တာတွေ ပါချင်မှ ပါမယ်။ မပါခဲ့ရင်လည်း ငါ့ကို စောင့်ပါ။ ငါ့ကို အချိန်ပေးပါ။ ငါဖြည့်ဆည်းပေးပါ့မယ်.။
တစ်ခါတလေ သူ့လုပ်ရပ်တွေအစား အားမလိုအားမရဖြစ်တာကြောင့်ရယ်၊ စိတ်ဓာတ်ပျော့ညံ့လွန်းတာကြောင့်ရယ်၊ ဒါတွေကြောင့် ငါ အော်မိတယ်၊ သောင်းကျန်းမိတယ်၊ ဒါပေမယ့် ငါ အခြားလူတစ်ယောက်နဲ့ မတူချင်ဘူး။ အခြားလူတစ်ယောက်နဲ့လည်း နှိုင်းယှဉ်တာ မခံချင်ဘူး။ ငါဟာ ငါပဲ။ ငါဟာ သူ့အတွက် ……………ဖြစ်ပါစေ။
အမှတ်တရ (14, January, 2009)
ကောင်းကင်
စာတွေများလှချီလား .
ဘယ်တုံးကရေးလိုက်တာလဲ
ငါ့ကိုကျတော့မပေးဖတ်ချင်ဘူးပေါ့ …
အမှတ်တရ အစကနေအဆုံးလဲမရှိပါလား …. ဘယ်မှာသွားဖတ်ရမှာလဲ…. မပေးဖတ်ချင်ရင်လဲရတယ်…
January 15, 2009 at 9:23 pm
နောက်မစားတော့ဘူး .. ဆင်ခြင်ကြည့်မယ် လို့ဂတိပေးတယ်… နင့်ကိုငါမချစ်လို့လား . နင့်ကိုငါချစ်ပါတယ်. မထားခဲ့ပါဘူး …သွားတဲ့နေရာတိုင်းကိုခေါ်သွားမယ်.. နင့်အတွက် နင်လုပ်ချင်တာလုပ်ဖို့ အခွင့်အရေးတွေ အချိန်တွေပေးထားတယ်လေ… တခြားတစ်ယောက်ကို သက်ဝင်ချစ်သွားခဲ့ရင်လဲ ငါခွင့်လွတ်ပါတယ် .. အဲဒီအတွက်ကြောင့် နင့်ကိုမချုပ်နှောင်ထားချင်တာ လွတ်လပ်ခွင့်ပေးထားတာ ..