Posted by: kaungkimpyar on: October 18, 2008
နာကြည်းစရာကောင်းတဲ့ စကားတစ်ခွန်းပါ..။ ကျွန်တော် တစ်သက်နဲ့ တစ်ကိုယ် ခု ၁၇ နှစ် ရှိပါပြီ..တစ်ခါမှ ဒီစကားလုံးသုံးပြီး အပြောမခံရသေးဘူး…။ ဒီတစ်ကြိမ်ဟာ… ပထမဦးဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲ ဖြစ်မှာပါ..။ “ပိုက်ဆံနဲ့ ပတ်သက်ပြီး မနောက်နဲ့၊ ငါမကြိုက်ဘူး” တဲ့…။ ဟုတ်ကဲ့..။ ကျွန်တော်က သူခိုးကြီးဆိုတော့… လူလိမ်ကြီးဆိုတော့ ဒီလို အပြောခံရတာနေမှာပါဗျာ..။
ဘယ်ကစလဲဆိုရင်တော့… ညဘက်ပါပဲ…။ 12.10.2008 ညဘက် ကိုးနာရီဝန်းကျင်.. ကျွန်တော် White Star Internet Cafe မှာ နေတုန်းအခိုက်ပေါ့ဗျာ…။ မမီးကို ကျွန်တော်က ဘီယာသောက်မယ်ဆိုပြီး အံဆွဲထဲမှာ ရှိတဲ့ ငွေတွေကို စုပြီး ရေပေးနေတာ…။ နောက်တော့ သူနဲ့ ကျွန်တော် စကြနောက်ကြတာပေါ့ဗျာ…။ သူ့ပိုက်ဆံကို ကျွန်တော် လုမယ်လုပ်တော့ သူက အလုမခံဘူးလေ..။ ကျွန်တော်လည်း မရရအောင်ယူပြီးတော့ အပြင်ထွက်သွားတယ်.. ဘီယာဆိုင်သွားတယ်ဆိုတဲ့သဘောပေါ့ဗျာ…။ ပြန်ဝင်လာပါတယ်..။ သူက ကွန်ပျူတာတွေလိုက်ပိတ်နေလေရဲ့..။ ကျွန်တော်ခဏလေးအပြင်ကို အယောင်ပြထွက်ပြီး ပြန်ဝင်လာတော့ စကားတစ်ခွန်းပြောပါတယ်..။ “ပိုက်ဆံနဲ့ ပတ်သက်ပြီး မနောက်နဲ့.. ငါမကြိုက်ဘူး” တဲ့လေ..။ ဘယ်လောက် ဒေါသထွက်စရာကောင်းလဲဗျာ..ဘယ်လောက် သိမ်ငယ်စရာကောင်းလဲဗျာ…။ ခင်ဗျားတို့တော့မသိဘူး..။ ကျွန်တော်လည်း ကျွန်တော့်ခံစားချက်မို့ တော်တော်ဒေါသထွက်သွားမိတယ်..။ ကျွန်တော် တစ်ခွန်းပြန်ပြောမိလိုက်တယ်…. “သြော်……..မကြိုက်တာကို စောစောက ဘာလို့ မပြောတာလဲဗျာ…အင်း..အင်း. ကျွန်တော်နောက်မိတဲ့အတွက် ဆောရီးပဲ” လို့သာ ပြောနိုင်ပြီး ခုနက ယူထားတဲ့ငွေစုကို အံဆွဲထဲ ပြန်ထည့်ပေးလိုက်ပါတယ်..။
တကယ်ပါ…ဘုရားပေးပေး..ကျမ်းပေးပေးပါ… ကျွန်တော် သူ့ပိုက်ဆံကို အဲ့လို လက်တစ်လုံးခြားလုပ်ပြီး မယူ၊မခိုးဖူးခဲ့ပါဘူး..။ အရင်ကလည်း အဲ့လို ပိုက်ဆံထုပ်ယူပြီး သူ့နဲ့ နောက်နေကြပါ…။ အဲ့တုန်းကတော့ ဘာမှမပြောပါဘူး..။ ထားပါ..ဒါတွေကို…။ အကယ်၍ ကျွန်တော်ပိုက်ဆံသုံးဖို့လိုလာရင်လည်း သူ့ဆီကို ခွင့်တောင်းပြီးမှ ယူနေကြပါ..။ ဘာလို့ ဒီလို ရင့်ရင့်သီးသီးကြီးပြောပါလိမ့်နော်…။ စဉ်းစားမရဘူး..။
ဒီလို စကားခွန်းမျိုးကို ကျွန်တော်ရှေ့မှာတင် လူတွေအပြောခံနေရတာကို မြင်ဖူး၊ကြားဖူးပါတယ်..။ အဲ့လို မြင်ဖူး၊ကြားဖူးရုံနဲ့တင် ကျွန်တော်ကြောက်ခဲ့ပါတယ်.. ကျွန်တော် သူတို့အစား သိမ်ငယ်ခဲ့ဖူးပါတယ်…။ ကျွန်တော်တစ်ခါမှ အဲ့လိုတော့ ငွေကို လက်တလုံးခြားမခိုးယူ၊ မ၀ှက်ယူခဲ့ဖူးပါဘူး..။ ကျွန်တော် အဲ့လို အပြောခံရမှာကို အကြောက်ဆုံးဖြစ်ခဲ့ပါတယ်..။
ခုတော့ သူက ကျွန်တော့်ကို ပထမဦးဆုံးပြောတဲ့လူဖြစ်လာပါတယ်…။ ကျွန်တော့်ကို ဘယ်သူမှ မခေါ်တဲ့ ၊ ဘယ်လိုမှလည်း မထင်တဲ့ “ငတုံး” ဆိုတဲ့စကားလုံးကို သူက ပထမဦးဆုံး စပြောလာပါတယ်..။ ကျွန်တော်အကြောက်ဆုံးစကားလုံးတွေနဲ့ ကျွန်တော့်ကို သမုတ်ပေးခဲ့တာ သူပါ..။
ကျွန်တော် ဒီလို အပြောခံပြီးတဲ့ နောက် မှိုင်ဝေနေမိပါတယ်..။ ဘာမှလည်း မပြောချင်ဘူး..။ သူနဲ့လည်း မဖြေရှင်းချင်တော့ဘူး..။ ဒါပေမယ့် သူ့ကို “ကျွန်တော် ဘယ်တုန်းကများ မမီးပိုက်ဆံကို အလွဲသုံးစား လုပ်ဖူးမိလို့လဲ” ဆိုတာလေးတော့ မေးချင်မိပါတယ်…။ ထားပါတော့..။ ကျွန်တော် စိတ်လျှော့လိုက်တယ်ပေါ့ဗျာ…။
ဆက်လက်ပြီး သူ့မောင် “ကိုကျော်ဇင်အောင်” က နေ့လည်က သူနဲ့အတူ အပြင်ထွက်သွားပြီး အမျိုးတွေနဲ့ ဘီယာဆိုင်လိုက်သွားတာ ၁၀ နာရီကျော်တဲ့ ထိ ပြန်ရောက်မလာသေးဘူးလေ..။ သူနဲ့ “ကိုကျော်ဇင်အောင်” မိန်းမတို့က မျှော်နေလေရဲ့..။ အချိန်က တဖြည်းဖြည်းနဲ့ ၁၁နာရီနား ကပ်လာပါပြီ…။ ကျွန်တော်နဲ့ သူနဲ့က ပုသိမ်လမ်းအိမ်ပြန်အိပ်ရမှာပါ…။ ဒါပေမယ့် ဆိုင်မှာ “ကိုကျော်ဇင်အောင်” မိန်းမ ပဲရှိသေးတာမို့ သူအရင်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်က “ကိုကျော်ဇင်အောင်” ဆိုင်ကို ပြန်လာတဲ့အထိ “ကိုကျော်ဇင်အောင်” မိန်းမနဲ့ အတူစောင့်ပေးရမှာပေါ့ဗျာ…။
တကယ်ပါဗျာ..မိန်းမတွေများ ပိုကိုပိုတယ်..။ သူတို့ မျှော်နေလို့ လူက ရောက်လာမယ်တဲ့လားဗျာ…။ သူက အိမ်ပြန်စရာ ရှိတာမပြန်ဘဲနဲ့ လှုပ်လိလှုပ်လဲ့လုပ်နေတယ်..။ ကျွန်တော်လည်း နည်းနည်း ပူပေးလိုက်တယ်..ဆူပေးလိုက်တယ်ပေါ့ဗျာ..။ ဟုတ်တယ်လေဗျာ.. ၁၁နာရီ ကျော်တာတောင် သူက အေးအေးဆေးဆေး လုပ်နေတာ..။ ကျွန်တော်က သူ့အစားစိတ်ပူလို့ ဆူပေးလိုက်တာပါဗျာ..ဒါတောင် စံနန်းကနေ ဖြောင့်ဖြောင့်တန်းတန်းမထွက်သွားနိုင်သေးဘူး…။ သူ့စာရင်းစာအုပ်က ငွေတွေကို တွက်လိုက်သေးတယ်.. ပိုက်ဆံတွေလည်း ရေနေလိုက်သေးတယ်ဗျာ… ကဲ…ပြောနေတဲ့ကောင်က ဘာဖြစ်သွားပြီလဲ..။ နောက်ပြီး ကျွန်တော်လည်း အိမ်ပြန်မှာပဲဗျာ… ကျွန်တော်လည်း လုပ်တတ်ပါတယ်ဗျာ… ဒါကို (ဥစ္စာခြောက်နေတာလားတော့မသိဘူး) တော်ရုံတန်ရုံနဲ့ မသွားနိုင်ဘူးဗျာ… ကျွန်တော်အော်လိုက်တော့မှ..ပွစိပွစိနဲ့ ဘာဖြစ်တယ် ညာဖြစ်တယ်…ဆိုင်မှာလာသုံးတဲ့ Customer တွေကို လည်း အားနာမှုမရှိဘူး အစချီတဲ့ စကားလုံးတွေ ပစ်သွင်းရင်း စံနန်းက အောင်မြင်စွာ ထွက်ခွာသွားလေရဲ့ဗျာ…။ ကျွန်တော်လည်း အမြင်ကပ်တာနဲ့ Taxi လိုက်မငှားပေးလိုက်တော့ဘူး..။ ဒါပေမယ့် “ကိုကျော်ဇင်အောင်” မိန်းမကို လိုက်ငှားပေးဖို့ ပြောလိုက်ပါတယ်..။”ကိုကျော်ဇင်အောင်” မိန်းမ ကလည်း လိုက်ငှားပေးရှာပါတယ်။
သူအိမ်ရောက်တော့ ကျွန်တော့်ကို ဖုန်းဆက်ပြီးဆူပြန်တယ်..။ “နင် လောလော လောလော လုပ်တာနဲ့ မေကြီးဖို့ ၀ယ်လာတဲ့ သွားတိုက်သွားပွတ်တံနဲ့ သွားတိုက်ဆေး ကျန်ခဲ့တယ်” ဆိုပြီး အပြစ်တင်တဲ့လေသံနဲ့ ပြောပါတယ်…။ ကျွန်တော်လည်း သိပ်တော့ ပြန်မပြောလိုက်ပါဘူး..။ “ကျွန်တော်ပြန်လာခဲ့မှာပါ..ကျွန်တော်ယူခဲ့လို့ရော မရဘူးလား…။” မေးတော့ အလုပ်က တစ်ခါတည်းမပြီးဘူး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောပါလေပြန်ရော…။ ကျွန်တော်လည်း နားငြီးတာနဲ့ “ဟုတ်တယ် .. ကျွန်တော်မှားတာပါ..ကျွန်တော်အမှားပါ” လို့ ၀န်ခံလိုက်မှပဲ ဖုန်းချသွားတော့တယ်..။
အင်း…။ ၁၁:၄၀ လောက်ကျတော့ “ကိုကျော်ဇင်အောင်”ရောက်လာပါတယ်…။ အင်း… ကျွန်တော်လည်းပြန်ဖို့ လုပ်နေတုန်း ဖုန်းလာပါတယ်… “အံဆွဲထဲမှာ ပိုက်ဆံအကြွေ တစ်ထောင် ချန်ထားပြီး ကျန်တာအကုန်ယူလာခဲ့” တဲ့..။ အမိန့်ပေးတော်မူပါတယ်..။ သူ မသွားခင်က အံဆွဲထဲမှာ ပိုက်ဆံ နှစ်ရာတန် အကြွေ နှစ်ထောင်ထားခဲ့ပါတယ်။ ဘယ်လို ငွေကို သိတတ်မှန်းမသိတာပါဗျာ…။
ကျွန်တော်လည်း သူ မိန့်တော်မူတဲ့အတိုင်း ယူခဲ့ရပါတယ်..။ Taxi တော့ ငှားမစီးတော့ပါဘူး..။ ပေးစရာ ကားခ ပိုက်ဆံက သူ ယူလာခိုင်းတဲ့ ငွေကလွဲရင် ဘာမှမှမရှိတာဗျာ..။ ဒီအတိုင်း ကုန်းကြောင်းပေါ့..။ လှည်းတန်း ဆင်ရေတွင်းမှတ်တိုင်ကနေ စမ်းချောင်းပုသိမ်လမ်းထိပေါ့ဗျာ..။ လှည်းတန်းနားရောက်တော့ Taxi ငှားဖို့ စဉ်းစားမိပါသေးတယ်…။ ဒါပေမယ့် မငှားလက်စနဲ့ မငှားလိုက်တော့ပါဘူးဗျာ..။
ကျွန်တော်ထင်တယ်..။ ဆိုင်က ၁၁နာရီ၄၅ မိနစ်လောက်က စထွက်လာတာ အိမ်ကို ၁၂ နာရီ ၂၅ မိနစ်လောက်တော့ ပြန်ရောက်ဖြစ်ပါတယ်..။သိပ်မကြာလိုက်ပါဘူး..။
January 15, 2009 at 10:43 pm
ရေးနေလက်စနဲ့ အိမ်ပြန်သွားရလို့ နောက်နေ့ကျတော့ မရေးဖြစ်တော့တဲ့ စာတစ်ပုဒ်ပါ။ အမှတ်တရအနေနဲ့ မဖျက်ပဲ ချန်ထားခဲ့လိုက်တာလေ။